ထိုင်းနိုင်ငံတောင်ပိုင်း၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရေကြီးမှုများကြား ပိတ်မိနေသော ဆေးရုံတရုံရှိ လူနာများကို ရွှေ့ပြောင်းရန်အတွက် ယနေ့ဗုဒ္ဓဟူးနေ့တွင် ရဟတ်ယာဉ်များ စေလွှတ်ကာ ကယ်ဆယ်လျက်ရှိကြောင်း နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း ချန်နယ်နယူးစ်အေးရှားသတင်းက ဖော်ပြထားသည်။ဟတ်ယိုင်မြို့ရှိ အစိုးရဆေးရုံကြီး၏ ပထမထပ် အထူးကြပ်မတ်ကုသဆောင်၌ လူနာ ၆၀၀ တက်ရောက်လျက်ရှိပြီး ရဟတ်ယာဉ်များဖြင့် အစားအစာများ ပို့ဆောင်ပေးနေသည်။ဟတ်ယိုင်မြို့တည်ရှိရာ ဆွန်ခလာ အပါအဝင် ထိုင်းပြည်နယ် ၉ခုတွင် ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ ၉၈၀,၀၀၀ ကျော်နှင့် လူဦးရေ ၂.၇ သန်းကျော် ထိခိုက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။



