back

ရုရှား အန္တရာယ်ကြောင့် ဆန္ဒအလျောက် စစ်မှုထမ်းဥပဒေ ပြင်သစ် ပြန်လည် ပြဌာန်းမယ်

Nov 26 • 8:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား အန္တရာယ်ကြောင့် ဆန္ဒအလျောက် စစ်မှုထမ်းဥပဒေ ပြင်သစ် ပြန်လည် ပြဌာန်းမယ်

ပြင်သစ်နိုင်ငံမှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက် ဆယ်စုနှစ် ၃ စုလောက်မှာ ပိုမိုကြီးထွားလာနေတဲ့ ရုရှားအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် သမ္မတ အမ်မန်နျူရယ်...

ပြင်သစ်နိုင်ငံမှာ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းခဲ့ပြီးနောက် ဆယ်စုနှစ် ၃ စုလောက်မှာ ပိုမိုကြီးထွားလာနေတဲ့ ရုရှားအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် သမ္မတ အမ်မန်နျူရယ် မက်ကရွမ်က ဆန္ဒအလျောက် စစ်မှုထမ်းရမယ့် ဥပဒေကို ပြန်လည် ပြဌာန်းရေး အခုသီတင်းပတ်အတွင်း ကြေညာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ပြင်သစ် အရှေ့တောင်ပိုင်းရှိ ခြေမြန်တပ်မ တစ်ခုသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံ့ ခေါင်းဆောင်က အခုအစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်တယ်လို့ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သိထားတဲ့ သတင်းရင်းမြစ်တွေ တော်တော်များများက AFP သတင်းဌာနကိုပြောပါတယ်။ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုဟာ ယူကရိန်းနယ်စပ်တွေလောက်မှာပဲ ရပ်တန့်သွားမှာ မဟုတ်ကြောင်း သမ္မတ မက်ကရွမ်နဲ့ တခြား ပြင်သစ်အရာရှိတွေက သတိပေးထားမှုနဲ့အတူ ယူကရိန်းသို့ ရုရှား အင်အားပြည့် ကျူးကျော်တိုက်ခိုက်မှု သုံးနှစ်ခွဲကျော်လာတဲ့အချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ရုရှားက ၂၀၃၀ ပြည့်နှစ်မှာ မိမိတို့ နိုင်ငံတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာကြောင့် ပြင်သစ်အနေနဲ့ ကလေးငယ်တွေကို ဆုံးရှုံးရဖို့ အသင့်ပြင်ထားရမှာ ဖြစ်ကြောင်း ပြင်သစ် ထိပ်တန်းဗိုလ်ချုပ် ဖာဘီယန် မွန်ဒီက ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးထားပါတယ်။နိုင်ငံတော် စစ်မှုထမ်းဥပဒေကို ပုံစံအသစ် ပြောင်းလဲရေး နိုဝင်ဘာ ၂၆ ရက်မှာ ကြေညာသွားမှာ ဖြစ်ကြောင်း သမ္မတ မက်ကရွမ်က RTL သတင်းဌာနသို့ ပြောကြားခဲ့ပေမယ့် နောက်ထပ် အသေးစိတ်ကိုတော့ ပြောမထားပါဘူး။ပထမဆုံး နှစ်မှာ လူ ၂,၀၀၀ ကနေ ၃,၀၀၀ အထိ စစ်ပညာသင်ကြားပေးဖို့ စီစဉ်ထားပြီး အဲဒီနောက်ပိုင်း အချိန်ကြာလာရင် တစ်နှစ်ကို လူ ၅၀,၀၀၀ ကျော်အထိ စစ်မှုထမ်း ခေါ်ယူဖို့ စီစဉ်ထားကြောင်း အဲဒီကိစ္စကို သိထားပေမယ့် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ပြင်သစ်အနေနဲ့ အားနည်းမှုကို မပြသင့်ဘူးလို့ ပြင်သစ်သမ္မတက သတိပေးထားပါတယ်။ပြင်သစ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ချင်ရင် ကိုယ့်ကို ခြိမ်းခြောက်နေတဲ့ အင်အား အကြီးမားဆုံး နိုင်ငံကို အားနည်းကြောင်း ပြသနေလို့ မရကြောင်း သမ္မတ မက်ကရွမ်က ဆိုတာပါ။



news-view-count-icon

29