back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ဉာဏ်ရည်မသန်စွမ်းသူများအတွက် Regional Games 2025 ကျင်းပမည်

Nov 26 • 8:33 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ဉာဏ်ရည်မသန်စွမ်းသူများအတွက် Regional Games 2025 ကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ဥာဏ်ရည်မသန်စွမ်းသူများအတွက် Regional Games 2025 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဂျာမနီသံရုံး လူမှုကွန်ယက်စာမျက်နှာတ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ဥာဏ်ရည်မသန်စွမ်းသူများအတွက် Regional Games 2025 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဂျာမနီသံရုံး လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပမည် ဖြစ်ကာ ဂျာမနီသံရုံးရန်ကုန်က ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းငယ်များ၏ တစိတ်တပိုင်းအဖြစ် Special Olympics Myanmar နှင့်ပူးပေါင်းကာ ပြုလုပ်ခြင်း ဖြစ်သည်။ထို ပြိုင်ပွဲသည် အားကစားမှတဆင့်၊ ဉာဏ်ရည်ဉာဏ်သွေးမသန်စွမ်းသူများသည် ကျွန်ုပ်တို့အားလုံးကို အားကျစေသည့်အရည်အသွေးများဖြစ်သော စိတ်ဆုံးဖြတ်နိုင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ခံနိုင်ရည်ရှိမှုကို ပြသနိုင်မည်ဖြစ်ကြောင်းလည်း ဂျာမနီသံရုံးက ဖော်ပြထားသည်။


news-view-count-icon

39