မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဖရဲသီးနှင့် သခွားမွှေးသီးများကို မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုင်းလား-တာလော့ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်သို့ စတင်တင်ပို့နေပြီဖြစ်ကြောင်း ခွာညိုသစ်သီးပွဲရုံက သတင်းထုတ်ပြန်သည်။ အဆိုပါလမ်းကြောင်းမှ တင်ပို့ရောင်းချရာတွင် လမ်းခရီးကြန့်ကြာမှုရှိခြင်းနှင့် ကုန်ကျစရိတ် ပိုမိုများပြားခြင်းတို့ ကြုံတွေ့နေရပြီး၊ အရည်အသွေးနည်းပါးသည့် မိုးဖရဲသီးများမှာ လမ်းခရီးဒဏ်ကြောင့် ပျက်စီးမှုများရှိနေကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။ သို့သော်လည်း လက်ရှိတွင် တရုတ်ဈေးကွက်၌ ဖရဲနှင့် သခွားမွှေး တစ်ကီလိုလျှင် ၅ ယွမ်မှ ၆ ယွမ်ကြား ဈေးကောင်းရရှိနေသည်။
မြန်မာ့ဖရဲသီးနှင့် သခွားမွှေးများ မိုင်းလား-တာလော့ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ စတင်တင်ပို့
Nov 26 • 7:13 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 38 | 0 | 0 | 0 |




