back

အာဂျင်တီးနားနိုင်ငံ၌ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုနှုန်း စံချိန်တင်မြင့်တက်

Nov 26 • 6:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဂျင်တီးနားနိုင်ငံ၌ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုနှုန်း စံချိန်တင်မြင့်တက်

အာဂျင်တီးနားနိုင်ငံ၌ ယခုနှစ်အတွင်း ဆစ်ဖလစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းသည် စံချိန်တင် မြင့်တက်လာပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀.၅ ရာခိုင်နှုန်းအထိ ပိုမိုမြင...

အာဂျင်တီးနားနိုင်ငံ၌ ယခုနှစ်အတွင်း ဆစ်ဖလစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းသည် စံချိန်တင် မြင့်တက်လာပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀.၅ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားလာကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဤကူးစက်မှုနှုန်းသည် ရောဂါကူးစက်ဖြစ်ပွားမှု စနစ်တကျ စာရင်းကောက်ခံမှုများ စတင်ခဲ့ပြီးနောက်ပိုင်း အမြင့်မားဆုံးနှုန်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ် ပထမသီတင်း ၄၄ ပတ်တာကာလအတွင်း အာဂျင်တီးနားတစ်ဝန်း ဆစ်ဖလစ်ရောဂါကူးစက်ဖြစ်ပွားမှု ၃၆,၇၀၂ မှုအထိ ရှိခဲ့သည်။ နိုင်ငံလူဦးရေ ၁၀၀,၀၀၀ လျှင် ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၆၅ မှုရှိရာမှ ယခုနှစ်တွင် ၉၃ မှုအထိ မြင့်တက်လာသည်။ အထူးသဖြင့် အသက် (၂၀) နှင့် (၂၉) နှစ်အကြား လူငယ်များတွင် ရောဂါဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

news-view-count-icon

32