ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ဆီးဂိမ်းကစားကွင်းများ ရေမြုပ်နေ

Nov 26 • 6:21 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ဆီးဂိမ်းကစားကွင်းများ ရေမြုပ်နေ

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုကြောင့် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအပါအဝင် အားကစားနည်း(၁၀)မျိုးလက်ခံကျင်းပမယ့် ကစားကွင်းတွေ ရေမြ...

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုကြောင့် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအပါအဝင် အားကစားနည်း(၁၀)မျိုးလက်ခံကျင်းပမယ့် ကစားကွင်းတွေ ရေမြုပ် ပျက်စီးကုန်ကြောင်း ဒေသတွင်းမီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဆီးဂိမ်းအမျိုးသားယူ-၂၃ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်တွေကို လက်ခံကျင်းပမယ့် ဆောင်ခလာမြို့က တင်ဆူလာနွန်ဘောလုံးကွင်းအပါအဝင် မွေထိုင်း၊ ပန်ခက်ဆီလက်၊ စစ်တုရင်၊ ဂျူဒို၊ ကရာတေး၊ ကာဘက်ဒီ၊ နပန်း၊ ပီတန်း၊ ဝူရှုး အစရှိတဲ့ ကစားနည်းတွေကျင်းပမယ့် အဓိက အားကစားရုံတွေ အားလုံးလည်း ရေမြုပ် ပျက်စီးကုန်ကြောင်း သိရပါတယ်။

ပြိုင်ပွဲ ကျင်းပရေးအနေနဲ့ ဆောင်ခလာမြို့မှာ ကျင်းပမယ့် အားကစားနည်းတွေကို ဘေးကင်းမယ့် မြို့တွေမှာ ပြောင်းရွှေ့ကျင်းပဖို့ စီစဉ်နေပေမယ့် တရားဝင် သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

news-view-count-icon

25