back

စီရော်နယ်လ်ဒို၏ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်သဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် ပါဝင်ကစားနိုင်မည်

Nov 26 • 6:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

စီရော်နယ်လ်ဒို၏ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်သဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် ပါဝင်ကစားနိုင်မည်

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ဆုံးဖြတ်ချက်အရ ၎င်း၏ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်...

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ဆုံးဖြတ်ချက်အရ ၎င်း၏ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်သောကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ၌ ပါဝင်ကစားနိုင်တော့မည်ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် အိုင်ယာလန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြိုင်ဘက်နောက်ခံလူကို တံတောင်နှင့်တွက်ခဲ့ခြင်းကြောင့် ပုံမှန်အားဖြင့် (၃) ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သော်လည်း၊ လက်ရှိတွင် အာမေးနီးယားနှင့်ပွဲကိုသာ လွဲချော်ခဲ့ရပြီး ကျန်နှစ်ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ ဖီဖာ၏ ကြေညာချက်အရ စီရော်နယ်လ်ဒိုသည် တစ်နှစ်တာကာလအတွင်း အလားတူပြစ်မှု ထပ်မံကျူးလွန်ပါက ဆိုင်းငံ့ပြစ်ဒဏ်နှစ်ပွဲကို ချက်ချင်းကျခံရမည်ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

news-view-count-icon

35