ရုရှားနှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ထောက်ခံသည့် မူဘောင်တစ်ခုကို ရှေ့ဆက်လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီက အင်္ဂါနေ့တွင်ပြောခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အငြင်းပွားဖွယ်ရာအချက်များကို ဆွေးနွေးမည့် ဆွေးနွေးပွဲများတွင် ဥရောပမဟာမိတ်များ ပါဝင်သင့်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ အမေရိကန်နဲ့ ယူကရိန်းတာဝန်ရှိသူတွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အသေအပျောက်အများဆုံးနှင့် အဆိုးရွားဆုံး ပဋိပက္ခကို အဆုံးသတ်ဖို့ သမ္မတထရမ့်ရဲ့ အစီအမံနဲ့ ပတ်သက်ပြီး သူတို့ကြားက ကွာဟချက်တွေကိုလျှော့ချဖို့ ကြိုးပမ်းနေကြပြီး ယူကရိန်းဘက်ကတော့ နယ်မြေလိုက်လျောမှုတွေ အပါအဝင် ရုရှားရဲ့ အဓိကအချက်တွေအတိုင်း သဘောတူညီချက်ကို အင်အားသုံးပြီး လက်ခံခိုင်းစေမှာကို စိုးရိမ်နေသည်။ ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရသော ဆန္ဒရှိသောမဟာမိတ်များ၏ ပူးပေါင်းအဖွဲ့ မှ အဖွဲ့ဝင်နိုင်ငံ များရှေ့ မိန့်ခွန်းပြောကြားခဲ့ရာမှာ ဥရောပခေါင်းဆောင်များကို ယူကရိန်းထဲ လုံခြုံရေးအာမခံသည့်တပ်ဖွဲ့ ချထားရေး မူဘောင်တစ်ခုကို အမြန်ဆွေးနွေးပြီး ချမှတ်ဖို့၊ ရုရှားဘက်က စစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒမပြသရွေ့ ယူကရိန်း ကို အဆက်မပြတ်ထောက်ပံ့ပေးနေဖို့ ဥရောပခေါင်းဆောင်တွေကို ဇီလင်စကီးက တိုက်တွန်းခဲ့သည်။ "ယူကရိန်းနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းမှာ ယူကရိန်းပါဝင်ရမယ်လို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဥရောပရဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တိုင်းမှာလည်း ဥရောပပါဝင်ရမှာ ဖြစ်ပါတယ်” လို့ ဇီလင်စကီးက ပြောခဲ့သည်ကို မိန့်ခွန်းစာသားအရ သိရသည်။ ဘာကြောင့်လဲဆိုတော့ ဘယ်နိုင်ငံတစ်ခု ဒါမှမဟုတ် ပြည်သူတွေရဲ့ နောက်ကွယ်ကနေ ဆုံးဖြတ်လိုက်တဲ့အခါ အလုပ်မဖြစ်နိုင်တဲ့ အန္တရာယ် အမြဲမြင့်မားနေတတ်လို့ပါ။ဟုသူကဆိုပါတယ်။



