ပဲခူးတိုင်းဒေသကြီးသို့ ၁၀ လတာအတွင်း ခရီးသွားဧည့်သည် ၄ သိန်းနီးပါး ဝင်ရောက်ခဲ့ဟုဆို

Nov 26 • 5:57 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီးသို့ ၁၀ လတာအတွင်း ခရီးသွားဧည့်သည် ၄ သိန်းနီးပါး ဝင်ရောက်ခဲ့ဟုဆို

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ခရီးသွားဧည့်သည် ၄၀၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဧည...

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ခရီးသွားဧည့်သည် ၄၀၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။အဆိုပါဌာန၏ စာရင်းများအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကုန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ဦးရေ ၃၆၀,၀၀၀ ခန့်ဝင်ရောက်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ကာလတူမှာတော့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်ဦးရေဟာ ၃၉၀,၀၀၀ ခန့်အထိ တိုးတက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ပဲခူးတိုင်းက ဘုရားစေတီပုထိုးတွေ အများအပြားတည်ရှိတဲ့အတွက် ဘုရားပွဲတွေ တစ်ခုပြီးတစ်ခုကျင်းပနေတာ ကြောင့် ခရီးသွားဧည့်သည်တွေလာရောက်လည်ပတ်မှုကလည်း အလွန်များပြားပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ရက်တွေမှာဆိုရင်လည်း ဟိုတယ်တွေ၊ တည်းခိုရိပ်သာတွေမှာ ခရီးသွားတွေ ပြည့်နေတဲ့အပြင် ဘုန်းကြီးကျောင်းများနဲ့ ကျန်တဲ့နေရာတွေမှာပါ တည်းခိုကြတာတွေရှိပါတယ်။ လက်ရှိမှာလည်း ခရီးသွားရာသီ ဖြစ်တဲ့အတွက် ခရီးသွားပိုမိုဝင်ရောက်နိုင်ချေရှိပါတယ်” လို့ ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ ဘုရားဖူးခရီးစဉ် ၃၂ ခု၊ Eco Tourism ၈ ခု၊ ယဉ်ကျေးမှုခရီးသွားနေရာ၂ ခု၊ စုစုပေါင်း ခရီးစဉ်နေရာဒေသ ၄၂ ခုဖော်ဆောင်ထားပြီး အများအားဖြင့် ခရီးသွားဧည့်သည်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်၊ ရွှေမော်ဓောစေတီနှင့် ကျိုက်ပေါစေတီ စသည့် နေရာများသို့ သွားရောက်လည်ပတ်မှုများပြားသလို အခြားခရီးစဉ်ဒေသများသို့လည်း လည်ပတ်ကြကြောင်း သိရပါတယ်။


news-view-count-icon

32