back

နိုင်ငံခြားသားများက အယောင်ဆောင် လက်ထပ်ထိမ်းမြားမှုကိုကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာများကို ပြည်တွင်း၌ အလေးထားစိစစ်မည်

Nov 26 • 3:01 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နိုင်ငံခြားသားများက အယောင်ဆောင် လက်ထပ်ထိမ်းမြားမှုကိုကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာများကို ပြည်တွင်း၌ အလေးထားစိစစ်မည်

နိုင်ငံခြားသားများကအယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကိုကာကွယ်ရန်လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ပေး ရန် လျှောက်ထားလာပါက အလေးထားစိစစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ညွ...


နိုင်ငံခြားသားများကအယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကိုကာကွယ်ရန်လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ပေး ရန် လျှောက်ထားလာပါက အလေးထားစိစစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ညွှန်ကြားစာအား နိုဝင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။အဆိုပါ ညွှန်ကြားချက်တွင် နိုင်ငံခြားသားတို့၏အယောင်ဆောင် လက်ထပ်ထိမ်းမြားမှုကို ကာကွယ်ရန်အလို့ငှာ လက်ထပ်ထိမ်းမြား ကျမ်းကျိန်လွှာ ပြုလုပ်ပေးရန်လျှောက်ထားလာပါက ပိုမိုအလေးထားစိစစ်ရန် လိုအပ်လျက်ရှိသဖြင့် ပြည့်စုံမှုရှိ၊ မရှိ သေချာစွာ စိစစ်ပြီးမှသာတရားရုံးများက ကျမ်းကျိန်လွှာ ပြုလုပ်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းထည့်သွင်း ဖော်ပြထားသည်။စိစစ်ရာတွင် သက်ဆိုင်ရာ သံရုံး၏ ထောက်ခံချက်တွင် လူပျို၊ အိမ်ထောင်မရှိသူ၊ သက်ဆိုင်ရာ နိုင်ငံတွင် အမြဲတမ်းနေရပ် လိပ်စာနှင် အလုပ်အကိုင်၊ ဝင်ငွေ၊ ရာဇဝတ်မှုကင်းရှင်းကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံချက်များ၊ အလုပ်အကိုင်တွင် ကိုယ်ပိုင် လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာမှ ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင် ခွင့်လက်မှတ်၊ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသားများ အခြား နိုင်ငံသားများနှင့် ထိမ်းမြားပါက နိုင်ငံသားဖြစ်ခွင့်ရှိ၊ မရှိ သက်ဆိုင်ရာ နိုင်ငံ၏ ထောက်ခံချက်၊ မိဘနှစ်ပါးမှမွေးဖွားလာသည့် ကလေးများ နိုင်ငံသားရနိုင်မှု ရှိ၊ မရှိသက်ဆိုင်ရာနိုင်ငံ၏ ထောက်ခံချက်၊ ဥပဒေ အစရှိသည်တို့လိုအပ်ကြောင်း ပါရှိသည်။ထို့ပြင် ထိမ်းမြားလက်ထပ်မည့် နိုင်ငံခြားသား၏နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံတွင် ရက် ၃၀အထက်နေထိုင်ခွင့်ရှိကြောင်း ဗီဇာအထောက်အထား၊ ဗီဇာဖြင့်နေထိုင်စဉ်ကာလအတွင်း လက်ထပ်ထိမ်းမြားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ တင်ပြချက်၊ထိမ်းမြားလက်ထပ်မှုကို သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရတားမြစ်မှုမရှိကြောင်း သက်ဆိုင်ရာ သံရုံး၏ ထောက်ခံချက်အစရှိသည်တို့ကို စိစစ်ရမည်ဖြစ်ကြောင်း သိရ သည်။

news-view-count-icon

48