back

အိမ်ကွင်းမှာ ဆယ်ယောက်ကျန်အဲဗာတန် အသင်းကို မန်ယူ ပထမဆုံးရှုံးနိမ့်ခဲ့

Nov 25 • 8:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိမ်ကွင်းမှာ ဆယ်ယောက်ကျန်အဲဗာတန် အသင်းကို မန်ယူ ပထမဆုံးရှုံးနိမ့်ခဲ့

ဆယ်ယောက်ကျန် အဲဗာတန်အသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ရှုံးနိမ့်မှုက မန်ယူအသင်းအတွက် အိမ်ကွင်းမှာ ဆယ်ယောက်ကျန်အသင်းကို ပထမဆုံးရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဖြ...

ဆယ်ယောက်ကျန် အဲဗာတန်အသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ရှုံးနိမ့်မှုက မန်ယူအသင်းအတွက် အိမ်ကွင်းမှာ ဆယ်ယောက်ကျန်အသင်းကို ပထမဆုံးရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းဘက်က ပွဲချိန် ၁၃ မိနစ်မှာပဲ ကွင်းလယ်ကစားသမား ဂူယီ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး မန်ယူအသင်း က ပွဲချိန် ၇၇ မိနစ်ကျော် တစ်ယောက်အသာနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းက ပွဲချိန် ၂၉ မိနစ်မှာ ဒူးစ်ဘူရီဟောရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ မန်ယူ အသင်း လူတစ်ယောက်အသာနဲ့ ဖိအားပေးကစားပြီး အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကလည်း လက်စွမ်းကောင်းတွေနဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် မန်ယူအသင်း ချေပဂိုးတောင် ပြန်မရခဲ့ဘဲ အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ မန်ယူနည်းပြ အမိုရင်ကတော့ အဲဗာတန် အသင်းက ဆယ်ယောက်ကျန် အနေအထားမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပြီး မန်ယူအသင်းရဲ့ အခုပွဲကစားပုံက အားနည်းချက်တွေများခဲ့ပါတယ် လို့ ဝန်ခံသွားခဲ့ပါတယ်။ မန်ယူအသင်း ဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယား လိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက် ထားပြီး အဆင့် ၁၀ နေရာကို ရောက်နေပါ တယ်။ အခုပွဲမှာ အနိုင်ရခဲ့တဲ့ အဲဗာတန်ကတော့ မန်ယူအသင်းနဲ့ ရမှတ်တူ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါ တယ်။

news-view-count-icon

21