back

ယခုနှစ်စပါးစိုက်တောင်သူများသဘာဝ‌ဘေး၊စပါးဈေးများကြောင့်အရှုံးပေါ်ဟုဆို

Nov 25 • 7:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယခုနှစ်စပါးစိုက်တောင်သူများသဘာဝ‌ဘေး၊စပါးဈေးများကြောင့်အရှုံးပေါ်ဟုဆို

ယခုနှစ်နေပြည်တော်ဒေသတွင်းစပါးစိုက်တောင်သူများအနေဖြင့်သဘာဝဘေးအပြင်စပါးဈေးကျဆင်းမှုများကြောင့်အရှုံးပေါ်ခဲ့ကြောင်းဒေသခံစပါးစိုက်တောင်သူတစ်ဦးထံမှသိရသည်။“ဒီနှစ်စပါး...

ယခုနှစ်နေပြည်တော်ဒေသတွင်းစပါးစိုက်တောင်သူများအနေဖြင့်သဘာဝဘေးအပြင်စပါးဈေးကျဆင်းမှုများကြောင့်အရှုံးပေါ်ခဲ့ကြောင်းဒေသခံစပါးစိုက်တောင်သူတစ်ဦးထံမှသိရသည်။

“ဒီနှစ်စပါးကတော့မပြောချင်ပါဘူး၊စစိုက်ထဲကမိုးများ၊ရေကြီး၊ပျိုးပင်ရေနှစ်နဲ့နှစ်ခါလောက်ပြန်စိုက်ရတယ်၊မျိုးဖိုးနှစ်ခါလောက်ကုန်၊ထယ်ရေးနှစ်ခါလောက်ပြန်ချ၊စိုက်စရိတ်တွေနှစ်ခါကုန်၊သွင်းအားစုတွေဈေးမြင့်၊စပါးလေးရရေးကုန်ကျစရိတ်သောက်သောက်လည်အောင်ကုန်၊အခုစပါးရပြန်တော့စပါးဈေးကကျနဲ့စပါးစိုက်သူတွေအကုန်နီးပါးအရှုံးဘဲ” ဟုဒေသခံစပါးစိုက်သူတစ်ဦးမှပြောသည်။ယခုနှစ် စပါးစိုက်တောင်သူများတစ်ဧကလျှင်(၅)သိန်းနီးပါးလောက်ရှုံးကြကြောင်း ၊စပါးဈေးကျနေသဖြင့် လက်ရှိစပါးလှောင်ထားပြီး ဆန်ဈေးအတက်အကျကြည့်၍ ကြိတ်ခွဲရောင်းချကြမည့်သူများကြောင်းသိရသည်။စပါးဈေးကျနေတော့တောင်သူအများစုကရောင်းဖို့ထက်လှောင်ဖို့သာများတယ်။ နောက်ပိုင်းဆန်ဈေး အတက်အကျလေးကြည့်ပြီး ကြိတ်ခွဲရောင်းချင်ရောင်းမယ်။ စပါးဈေးတက်လာရင်တော့ရောင်းမယ်။ ဒီပုံအတိုင်း ဆက်သွားရင်တော့စပါးစိုက်တောင်သူတွေစပါးစိုက်ဖို့အတော်စဉ်းစားရမယ်” ဟုတောင်သူတစ်ဦးမှပြောသည်။

news-view-count-icon

42