back

UFC- 323 ပြိုင်ပွဲမှာ ဂျော့ရှုးဝါးဗန် ဒုခေါင်တွဲဆိုင်းနေရာက ပါဝင်လာ

Nov 25 • 7:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

UFC- 323 ပြိုင်ပွဲမှာ ဂျော့ရှုးဝါးဗန် ဒုခေါင်တွဲဆိုင်းနေရာက ပါဝင်လာ

လာမည့် ဒီဇင်ဘာ (၇)ရက်တွင် အမေရိကန်နိုင်ငံ Las Vegas မြို့၌ ကျင်းပမည့် UFC- 323 ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ချ င်းလူမျိုးဖိုက်တာ ဂျော့ရှုးဝါးဗန် အ‌နေဖြင့် ဒုခေါ...

လာမည့် ဒီဇင်ဘာ (၇)ရက်တွင် အမေရိကန်နိုင်ငံ Las Vegas မြို့၌ ကျင်းပမည့် UFC- 323 ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ချ င်းလူမျိုးဖိုက်တာ ဂျော့ရှုးဝါးဗန် အ‌နေဖြင့် ဒုခေါင်တွဲဆိုင်းနေရာက ပါဝင် ထိုးသ-တ်သွားရမည်ဖြစ်သည်။ဂျော့ရှားဝါးဗန်သည် ပြိုင်ဘက်ဖြစ်သူ အလက်ဇန်းဒါးပန်တိုဂျာဖြင့် ဖလိုင်းဝိတ် ချန်ပီယံလုပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ပရိတ်သတ်များအနေဖြင့် UFC ၏ ပထမဆုံး အာရှတိုက်ချန်ပီယံဖြစ်လာနိုင်သည့် မြန်မာ့ကိုယ်စားပြုဖိုက်တာ ဂျော့ရှုးဝါးဗန်အတွက် ဆုတောင်းစကားများ ပြောကြားထားသည်။အဆိုပါ ပြိုင်ပွဲတွင် ခေါင်ပွဲအ‌နေဖြင့် မာရတ်နှင့် ပီတာယန်းတို့၏ ဗန်တန်ဝိတ်တန်း ခါးပါတ်လုပွဲအပြင် တတိယခေါင်ပွဲမှာ ချန်ပီယံဟောင်း ဗရန်ဒန်မိုရေးနိုးနှင့် ဂျပန်ဖိုက်တာ တပ်ဆူရိုတိုင်ရာတို့၏ ပွဲစဥ်များလည်း ပါဝင်လာသည်ကို တွေ့ရသည်။


news-view-count-icon

51