back

ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့တွင် ရေဆက်လက်ကြီးနေသဖြင့် မြန်မာအလုပ်သမား ၄,၀၀၀ ကျော် အကူအညီလိုအပ်နေ

Nov 25 • 6:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့တွင် ရေဆက်လက်ကြီးနေသဖြင့် မြန်မာအလုပ်သမား ၄,၀၀၀ ကျော် အကူအညီလိုအပ်နေ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့၌ ရေဆက်လက်ကြီးနေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ရေဘေးဒဏ် ခံစားနေရသောကြောင့် အကူအညီများ အရေးတကြီး ...

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့၌ ရေဆက်လက်ကြီးနေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ရေဘေးဒဏ် ခံစားနေရသောကြောင့် အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ဒေသခံ မြန်မာအလုပ်သမားတစ်ဦးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရေကြီးမှုကြောင့် မြန်မာ/ရှမ်းအလုပ်သမားများအတွက် စားရေးသောက်ရေး အခက်အခဲများအပြင်၊ အင်မတန်အရေးကြီးသည့် စာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အလုပ်အကိုင် ယာယီရပ်ဆိုင်းရခြင်းများပါ ကြုံတွေ့နေရသည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးထူးချစ်က ပြောကြားပြီး ဝိုင်းဝန်းကူညီရန် မေတ္တာရပ်ခံထားသည်။ လက်ရှိတွင် ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ် ၁၀ ခု၌ ရေကြီးမှုများဖြစ်ပွားနေပြီး လူဦးရေ ၂ သန်းနီးပါး ထိခိုက်နေကာ ရေမျက်နှာပြင်များ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ထိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန က ထုတ်ပြန်ထားသည်။

news-view-count-icon

25