back

ထိုင်းရေဘေးသင့်ဒေသကလူတွေကို အမြန််ကယ်ဖို့ ထိုင်းဘုရင်မင်းမြတ် အမိန့်ပေးခဲ့

Nov 25 • 6:08 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရေဘေးသင့်ဒေသကလူတွေကို အမြန််ကယ်ဖို့ ထိုင်းဘုရင်မင်းမြတ် အမိန့်ပေးခဲ့

ထိုင်းတောင်ပိုင်းက ရေကြီးမှုတွေကြောင့် ဘုရင်မင်းမြတ်ကိုယ်တိုင် အလွန်အမင်းစိုးရိမ်နေပြီး ရှိသမျှ အင်အားတွေ အကုန်သုံးပြီး ကယ်ဆယ်ရေးလုပ်ဖို့ အမိန့်ပေးထားပါတယ်။ တော...

ထိုင်းတောင်ပိုင်းက ရေကြီးမှုတွေကြောင့် ဘုရင်မင်းမြတ်ကိုယ်တိုင် အလွန်အမင်းစိုးရိမ်နေပြီး ရှိသမျှ အင်အားတွေ အကုန်သုံးပြီး ကယ်ဆယ်ရေးလုပ်ဖို့ အမိန့်ပေးထားပါတယ်။ တော်ဝင်အမိန့်တော်အရ ထိုင်းတော်ဝင် စစ်တပ်၊ ရေတပ်၊ လေတပ်နဲ့ ပြည်ထဲရေး အားလုံးစုပေါင်းပြီး ပြည်သူလူထုကို ကယ်တင်ဖို့ ညွှန်ကြားထားတာပါ။ဒါ့အပြင် ရေကြီးတာက အရမ်းအခြေအနေဆိုးနေတဲ့အတွက် လှေတွေလည်း အရေးပေါ်လိုအပ်နေပြီး၊ ချက်ချင်းစီစဥ် ကယ်တင်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ ညွှန်ကြားပေးထားတာပါ။ အစားအသောက်နဲ့ ရေကိုလည်း မပြတ်လပ်အောင် စီစဥ်ပေးဖို့ အမိန့် ထပ်ပေးထားပါတယ်။

news-view-count-icon

21