back

ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးအနည်းငယ် တက်လာ

Nov 25 • 6:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးအနည်းငယ် တက်လာ

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ ထက်၀က်ကျော်ကိုထိုင်းနိုင်ငံဈေးကွက်သို့ အားထားနေရသဖြင့် ၂၀၂၆ ခုနှစ် ထိုင်းကုန်သည်များ၏ ၀ယ်ယူတင်သွင်းမှု လုပ်ငန်းစဉ် ပြန်စချိန် ဈေ...

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ ထက်၀က်ကျော်ကိုထိုင်းနိုင်ငံဈေးကွက်သို့ အားထားနေရသဖြင့် ၂၀၂၆ ခုနှစ် ထိုင်းကုန်သည်များ၏ ၀ယ်ယူတင်သွင်းမှု လုပ်ငန်းစဉ် ပြန်စချိန် ဈေးကွက်အပြောင်းအလဲက မြန်မာပြောင်းစိုက်ပျိုးသူ တောင်သူများ၊ ၀ယ်ယူတင်ပို့ရောင်းချမည့် ကုန်သည်များအတွက် မှန်းဆရန်ခက်ခဲသည်။သို့သော် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းမွေးမြူရေးအစားအစာနှင့် အရက်ချက်စက်ရုံများ၏ ၀ယ်လိုအားကြောင့် ပြည်တွင်းပြောင်းဈေး ယခုရက် သတ္တပတ်တွင် ဈေးအနည်းငယ်အတက်ဘက်ကို ပြောင်းလာသည်။ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက တစ်ပိဿာလျှင် ကျပ် ၁,၃၇၀/၁,၃၉၀မှ ၁,၄၀၀/ ၁,၄၂၀ သို့ဈေးပြောင်းလဲသွားသည်။ သို့သော် ပြည်ပတင်ပို့ရောင်းချသည့် ပြောင်း FOB ဈေးက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၃၀/ ၂၄၀ဖြင့် ဈေးငြိမ်နေသည်။

news-view-count-icon

31