မြန်မာနိုင်ငံမှ ပြည်ပသို့ (၇)လအတွင်း ငါးတန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် အဓိကအားဖြင့် ဈေးကွက်ကြီး ၄ ခုရှိပြီး ဆော်ဒီအာရေဗျနိုင်ငံကို ရေချို၊ ရေငန် ငါးတင်ပို့ခြင်း၊ အရှေ့အလယ်ပိုင်းဈေးကွက်ကို ရေချိုငါးတင်ပို့ရခြင်း ၊ တရုတ်နိုင်ငံသို့ ရေငန်ငါး၊ ငါးရှဥ့်၊ ကဏန်းများတင်ပို့ခြင်းနှင့် EU နိုင်ငံများသို့ တင်ပို့ခြင်းများဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။မြန်မာနိုင်ငံမှ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် ပြည်ပနိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့လျက်ရှိသည်။
Nov 25 • 3:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 44 | 0 | 0 | 0 |


