ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီးဘေးရှိ ရွှေပြည်သာကွေ့ မီးပွိုင့်အနီးတွင် ယနေ့ နိုဝင်ဘာ (၂၅) ရက်၊ နံနက် ၁ နာရီဝန်းကျင်၌ တွဲကားတစ်စီး၏ အနောက်ဘက်ကို YBS ကားတစ်စီးက ဝင်ရောက်တိုက်မိသော ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ကားအတွင်းညှပ်နေသည့် အမျိုးသားကို မီးသတ်နှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်နိုင်ခဲ့သည်။ ဒဏ်ရာရရှိသူများကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာကွေ့ မီးပွိုင့်အနီး တွဲကားနှင့် YBS ယာဉ်တိုက်မှုဖြစ်၊ လူ ၂ ဦး ဒဏ်ရာရရှိ
Nov 25 • 2:28 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


