back

လာအိုရဲ့နားတုံးကျေးရွာနှင့် တန်းမစည်ကျေးရွာအတွင်း ယာယီလမ်းပိတ်သိမ်း

Nov 25 • 1:54 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုရဲ့နားတုံးကျေးရွာနှင့် တန်းမစည်ကျေးရွာအတွင်း ယာယီလမ်းပိတ်သိမ်း

လာအိုရဲ့မြို့တော်ဗီယင်ကျန်းမြို့ပြအများပြည်သူဆိုင်ရာ လုပ်ငန်းနှင့် ပို့ဆောင်ရေးဌာနက ဇေးသါနီခရိုင်၊ အင်သတ် ကားမောင်းသင်တန်းကျောင်းရှေ့ရှိ တန်းမစည်ကျေးရွာနှင့် နာ...

လာအိုရဲ့မြို့တော်ဗီယင်ကျန်းမြို့ပြအများပြည်သူဆိုင်ရာ လုပ်ငန်းနှင့် ပို့ဆောင်ရေးဌာနက ဇေးသါနီခရိုင်၊ အင်သတ် ကားမောင်းသင်တန်းကျောင်းရှေ့ရှိ တန်းမစည်ကျေးရွာနှင့် နားတုံးကျေးရွာအကြားလမ်းကို ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာထားသည်။မြေအောက်ရေထုတ်မြောင်း ချောင်းကူးတံတားတပ်ဆင်ရန်အတွက် အောက်တိုဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ လမ်းကိုပိတ်သိမ်းမည်ဖြစ်သည်။အခြားသွားလာနိုင်သော ရွေးချယ်စရာလမ်းများအဖြစ် မော်တော်ယာဉ်မောင်းများအနေဖြင့် လာအိုအမျိုးသားတက္ကသိုလ်ဘေးတစ်လျှောက်ရှိ နားတုံးကျေးရွာ၊ နုင့်ဗီယင်ခမ်းကျေးရွာနှင့် ဒေါင်းဒုတ်ကျေးရွာအကြားလမ်းကို လည်းကောင်း၊ သို့မဟုတ် အခြားရှိသော ပတ်လမ်းများကို လည်းကောင်း အသုံးပြုရန် အကြံပြုထားသည်။


news-view-count-icon

20