back

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က e-Government သင်တန်းဆင်းပွဲ တက်ရောက်ပြီး အငြိမ်းစားဝန်ထမ်းများအား ဂရုစိုက်မှုများ ဆောင်ရွက်

Nov 25 • 1:37 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က e-Government သင်တန်းဆင်းပွဲ တက်ရောက်ပြီး အငြိမ်းစားဝန်ထမ်းများအား ဂရုစိုက်မှုများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မုံရွာကွန်ပျူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သော e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် ဝ...

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မုံရွာကွန်ပျူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သော e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် ဝန်ထမ်းများ၏ ICT စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း (အပတ်စဉ်-၃) ဆင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။ ဝန်ကြီးချုပ်က သင်တန်းသား/သူများအနေဖြင့် ရရှိသည့်ပညာရပ်များကို ပြည်သူ့ဝန်ဆောင်မှုပေးရာတွင် ပိုမိုမြန်ဆန်၊ မှန်ကန်၊ ထိရောက်စေရန် ဆက်လက်အသုံးချ လေ့လာကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း ၁,၃၀၀ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဟာရဖြည့်စွက်စာ (ကြက်ဥ) များ လက်ရောက်ပေးအပ်ခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်း အခမ်းအနားများကို တက်ရောက်ကြည့်ရှုခဲ့ကြသည်။ ဤကျန်းမာရေးနှင့် စားသောက်ကုန်ပံ့ပိုးမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လစဉ် ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရသည်။

news-view-count-icon

15