နိုင်ငံခြားသားများ အယောင်ဆောင်လက်ထပ်ခြင်းမှ ကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာများကို အလေးထားစိစစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြား

Nov 25 • 1:24 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံခြားသားများ အယောင်ဆောင်လက်ထပ်ခြင်းမှ ကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာများကို အလေးထားစိစစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြား

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုင်ငံခြားသားများ၏ အယောင်ဆောင် လက်ထပ်ထိမ်းမြားခြင်းကို ကာကွယ်ရန်အတွက် လက်ထပ်ကျမ်းကျိန်လွှာ ပြုလုပ်ရန် လျှောက်ထားလာပါက ပိုမိုအလေး...

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုင်ငံခြားသားများ၏ အယောင်ဆောင် လက်ထပ်ထိမ်းမြားခြင်းကို ကာကွယ်ရန်အတွက် လက်ထပ်ကျမ်းကျိန်လွှာ ပြုလုပ်ရန် လျှောက်ထားလာပါက ပိုမိုအလေးထား စိစစ်ရန် တရားရုံးများသို့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။ ဤညွှန်ကြားချက်သည် နိုင်ငံခြားသားများက မြန်မာအမျိုးသမီးငယ်များကို ဖြားယောင်း၍ အယောင်ဆောင်လက်ထပ်ပြီး လူကုန်ကူးမှုများ ဖြစ်ပွားလာခြင်းကြောင့်ဟု ဖော်ပြထားသည်။ တရားရုံးများသည် ကျမ်းကျိန်လွှာပြုလုပ်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာတွင် လိုအပ်သောအချက်အလက်များ ပြည့်စုံမှုရှိမရှိကို သေချာစွာ စိစစ်ပြီးမှသာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

news-view-count-icon

35