၂၄.၁၁.၂၀၂၅ ရက်နေ့၊ ၂၃နာရီ ၄၀ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊အမှတ်(၁၀)ရပ်ကွက် (၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါတယ်။၂၃နာရီ ၅၀မိနစ် အချိန်တွင် မီးငြိမ်းပါသည်။



