နောင်ချို-ကျောက်ဂူလမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်ထားခဲ့တာဖြစ်ပြီး ၆ ရက်အကြာမှာတော့ ပြန်လည်ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာလည်း လားရှိုး - သီပေါတံတားကို နှစ်ဖက်အပြန်အလှန် ပိတ်ဆို့ထားပြီး ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်အထိ ပြန်ဖွင့်ပေးတာမရှိသေးပါဘူး။သီပေါတံတားကို နှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ထားတာကြောင့် ဒေသခံတွေက တာလုံရွာက ချောင်းကိုဖြတ်ပြီး သွားလာရတာဖြစ်ပြီး ကားတစ်စီးကို ချောင်းဖြတ်ကူးခ ၆ သောင်းကျပ်အထိ ပေးနေရတာ ဖြစ်ပါတယ်။



