back

မိန်းမကို အသိမပေးဘဲ ယန်း သန်း ၆၀၀ ထီဆုကြီးကို တစ်ယောက်တည်း စံစားမယ့် ဂျပန်အဘိုးရဲ့ လျှို့ဝှက်ချက်

Nov 24 • 1:25 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

မိန်းမကို အသိမပေးဘဲ ယန်း သန်း ၆၀၀ ထီဆုကြီးကို တစ်ယောက်တည်း စံစားမယ့် ဂျပန်အဘိုးရဲ့ လျှို့ဝှက်ချက်

ဂျပန်နိုင်ငံက အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်ဟာ ထီဆုငွေ ယန်း သန်း ၆၀၀ (US$ 3.8 million) ပေါက်ခဲ့ပေမယ့်၊ ပိုက်ဆံဆို အရမ်းစိစစ်ပြီး ကပ်စေးနည်းတတ်တဲ့ သူ့မိန်းမသိရ...

ဂျပန်နိုင်ငံက အသက်ကြီးပိုင်း အမျိုးသားတစ်ယောက်ဟာ ထီဆုငွေ ယန်း သန်း ၆၀၀ (US$ 3.8 million) ပေါက်ခဲ့ပေမယ့်၊ ပိုက်ဆံဆို အရမ်းစိစစ်ပြီး ကပ်စေးနည်းတတ်တဲ့ သူ့မိန်းမသိရင် စိတ်ကြိုက် ဇိမ်ခံခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ အဲဒီကိစ္စကို မိန်းမ မသိအောင် လျှို့ဝှက်ထားခဲ့ပါတယ်။ ဂျပန်မီဒီယာတစ်ခုဖြစ်တဲ့ The Gold Online ရဲ့ ဖော်ပြချက်အရ "S" လို့ အမည်ဝှက်ပေးထားတဲ့ အဲဒီအမျိုးသားဟာ အသက် ၆၆ နှစ်အရွယ်ရှိပြီး ထိပ်တန်း ကုန်ထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခုကနေ အငြိမ်းစားယူထားသူ ဖြစ်ပါတယ်။ S ဟာ ပုံမှန်အားဖြင့် နေ့စဉ် မနက်စာစားပြီးတာနဲ့ ရပ်ကွက်ကဖေးဆိုင်မှာ သတင်းစာထိုင်ဖတ်လေ့ရှိပြီး ယန်း ၃၀၀ (US$ 2) တန် ထီလက်မှတ်အနည်းငယ်ကို ကံစမ်းတဲ့အနေနဲ့ ဝယ်ယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူထီပေါက်ကြောင်းနဲ့ ဘဏ်ကိုသွားဖို့ အကြောင်းကြားစာ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကျမှ သူဟာ ယန်း သန်း ၆၀၀ တန် ပထမဆုကြီး ပေါက်မှန်း သိလိုက်ရတာ ဖြစ်ပါသည်။


news-view-count-icon

3