ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး(Hokkaido) စီရင်စု၊ ဆပ်ပိုရိုမြို့(Sapporo) ရှိရိုအိရှိ(Shiroishi) ရပ်ကွက်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီမီးလောင်မှုဟာ ၂၄ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ မီးကိုတော့ ၂ နာရီခန့်အကြာမှာ ထိန်းချုပ်နိုင်ခဲ့ပြီး ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ယူဆရတဲ့ ပထမထပ်အခန်းရဲ့ အပေါ်ထပ်၊ ဒုတိယထပ်အခန်းထဲကနေ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဒီတိုက်ခန်းမှာ ကွယ်လွန်သူအမျိုးသားအပြင် နောက်ထပ် အိမ်ထောင်စု ၂ စုလည်း နေထိုင်ကြပါတယ်။ ဒါပေမဲ့ အခြားနေထိုင်သူတွေတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အံ့သြစရာကောင်းတာကတော့ မီးစလောင်ကျွမ်းခဲ့တယ်လို့ ယူဆရတဲ့ ပထမထပ်အခန်းဟာ လက်ရှိမှာ လူနေထိုင်ခြင်းမရှိဘဲ ဗလာဖြစ်နေတာပါ။ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး မီးလောင်မှုရဲ့ အကြောင်းအရင်းကို ဖော်ထုတ်သွားမယ်လို့ သိရပါသည်။



