မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ရာသီဥတုမတည်ငြိမ်မှုနှင့် ပြင်းထန်သော ရေကြီးမှုများကြောင့် နိုင်ငံသားများအနေဖြင့် ယင်းနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်များကို ရွှေ့ဆိုင်းရန် တိုက်တွန်းပြောကြားလိုက်သည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံ၏ ကုန်းတွင်းပိုင်းနှင့် ကုန်းမြင့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးကြမ်း၍ အသက်ဆုံးရှုံးမှုများ များပြားနေခြင်း ကြောင့် အခြေအနေမှာ စိုးရိမ်ဖွယ်အဆင့်တွင် ရှိကြောင်း ဝန်ကြီးက ပြောသည်။ ဗီယက်နမ်ရှိ Dak Lak, Lai Dong နှင့် Gia Lai ကဲ့သို့သော ဒေသများတွင် ရေကြီးမှုသည် အလွန်ပြင်းထန်နေပြီး လက်ရှိအခြေအနေနှင့်ပတ်သက်၍ ကောင်စစ်ဝန်ချုပ်ရုံးနှင့် သံရုံးများမှတစ်ဆင့် အချိန်နှင့်တပြေးညီ အစီရင်ခံစာများ လက်ခံရရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အသက်ဆုံးရှုံးစေနိုင်သည့် ရေကြီးမှုများကြောင့် မလေးရှားနိုင်ငံသားများကို ဗီယက်နမ်နှင့် ထိုင်းခရီးစဉ်များ ရွှေ့ဆိုင်းရန် တိုက်တွန်း
Nov 24 • 7:21 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


