မြန်မာပြည်တွင်း ပို့ကုန်ပဲမျိုးစုံ ဈေးကွက်တွင် မတ်ပဲဈေးနှုန်း ဆက်တိုက်ကျဆင်းနေသည့် အခြေအနေများကြောင့် ယခုနှစ် ဆောင်းရာသီတွင် တောင်သူများက ဈေးကွက်ကောင်းနေသည့် ပဲတီစိမ်းကို အစားထိုး ပြောင်းလဲ စမ်းသပ် စိုက်ပျိုးမှုများ ပြုလုပ်လာနေကြောင်း သိရသည်။ မတ်ပဲဈေး ဆက်တိုက်ကျဆင်းနေသော်လည်း ပဲတီစိမ်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဆောင်းပဲတီစိမ်း အသစ်များ စပေါ်ချိန်ကတည်းက ယခုအထိ ဈေးကွက်ကောင်းနေခြင်းကြောင့် တောင်သူအများအပြားသည် မတ်ပဲအစား ပဲတီစိမ်းကို စမ်းသပ်စိုက်ပျိုးရန် လုပ်ဆောင်လာခြင်းဖြစ်သည်။လက်ရှိ ပြည်တွင်း ပဲမျိုးစုံ ဈေးကွက်တွင် ပဲတီစိမ်း မျိုးပဲသည် ပဲအမျိုးအစားပေါ်လိုက်၍ ပိဿာ ၂၀ ကို ကျပ် ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ အထက် အထိ ဈေးနှုန်းရှိနေသည်။ ဝါးခယ်မ ပဲတီစိမ်းမျိုးပဲ မှာဆိုလျှင် ဝယ်ယူ၍မရသည့် အခြေအနေမျိုးအထိပင် ဖြစ်နေကြောင်း သိရသည်။ မန္တလေး ကုန်စည်ဒိုင်တွင်မူ ပဲတီစိမ်းအညာတစ်မျိုးတည်းသာ ဝင်ရောက်မှုရှိပြီး ၅၂.၂၅ ပိဿာကို ၃၂၅,၀၀၀ ကျပ်မှ ၃၃၅,၀၀၀ ကျပ် အထိ ဈေးဖွင့်ထားသည်။
ပြည်တွင်းတွင် မတ်ပဲအစား ဈေးကွက်ကောင်းသည့် ပဲတီစိမ်းကို စိုက်ပျိုးမှုများလာ
Nov 24 • 3:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


