မြဝတီချောင်းတွင် ရေနစ်ပျောက်ဆုံးခဲ့သည့် အမျိုးသား ၄ ဦးကို ၁ ပတ်ကြာသည်အထိ ရှာမတွေ့၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နား

Nov 24 • 2:21 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီချောင်းတွင် ရေနစ်ပျောက်ဆုံးခဲ့သည့် အမျိုးသား ၄ ဦးကို ၁ ပတ်ကြာသည်အထိ ရှာမတွေ့၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နား

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ ချောင်းဆုံတံတားအောက်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ရေဆင်းကူးရင်း ရေနစ်ပျောက်ဆုံးခဲ့သည့် ဒေသရေမြေ မကျွမ်းကျင်သော အမျိုးသားလေးဦးကို ယ...

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ ချောင်းဆုံတံတားအောက်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ရေဆင်းကူးရင်း ရေနစ်ပျောက်ဆုံးခဲ့သည့် ဒေသရေမြေ မကျွမ်းကျင်သော အမျိုးသားလေးဦးကို ယနေ့ (နိုဝင်ဘာ ၂၃ ရက်) အထိ တစ်ပတ်ကြာအောင် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။ အဆိုပါချောင်းသည် သဲများစုပ်ယူထားသဖြင့် ကြမ်းပြင်မညီဘဲ ရေစီးသန်သည့်နေရာဖြစ်ပြီး ရေနစ်နေသူကို ဝင်ရောက်ကယ်ဆယ်ရာမှ လေးဦးစလုံး မျောပါနစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်သူများက ၎င်းတို့သည် သဲစုပ်စက်များကြောင့် ဖြစ်ပေါ်လာသော သဲတွင်းလိုဏ်ခေါင်းများထဲ ရောက်ရှိနေနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

news-view-count-icon

19