ထိုင်းနိုင်ငံ ၊ ဖက်ချဘွန်ပြည်နယ်တွင် ရေမချိုးဆိုင်ကယ်ဂိုဏ်းဝင် ထိုင်းလူငယ် ၁,၉၉၂ ဦးကို ဥပဒေချိုးဖောက်မှုများဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ယနေ့ဖော်ပြသည်။ ဖက်ချဘွန်ပြည်နယ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိများ ဒေသဆိုင်ရာအရာရှိများပါဝင်သောပူးပေါင်းအဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ညနေပိုင်းအထိစစ်ဆေးရေးဂိတ်ချကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။မော်တော်ဆိုင်ကယ် ၁၀ စီးကိုလည်း သိမ်းဆည်းခဲ့ပြီး လိုင်စင်မဲ့ ဘိန်းစာရွက်အရေရောင်းချသူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းဖော်ပြသည်။ ထိုင်းသတင်းထောက်များက “နမ် မိုင်း အပ်” ရေမချိုးဆိုင်ကယ်ဂိုဏ်း အဖွဲ့ဝင်အချို့သည် ပေါ့ဆစွာ မောင်းနှင်နေခဲ့ကြပြီး မတော်တဆမှုများစွာ ဖြစ်ပွားခဲ့သော်လည်း ကံကောင်းစွာဖြင့် အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း ထိုင်းသတင်းဌာနကိုပြောကြားခဲ့သည်။
Nov 24 • 2:16 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


