ထိုင်းနိုင်ငံ Hat Yai မြို့မှာ ရေကြီးမှု အခြေအနေ ဆိုးရွားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရှိသမျှအင်အားကိုသုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ညွှန်ကြားချက် ရရှိထားပါတယ်။နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ ဒီရေကြီးမှုကြောင့် ခရိုင် ၁၆ ခုက လူဦးရေ ၄၆၅,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး Hat Yai ခရိုင်တစ်ခုတည်းမှာတင် လူဦးရေ ၂၄၃,၀၀၀ လောက် ပါဝင်တယ်လို့ ပြောပါတယ်။ မိုးလေဝသရုံးကတော့ အားကောင်းတဲ့ မုတ်သုံလေကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ Songkhla အပါအဝင် တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဝန်ကြီးချုပ် Anutin က ရေဘေးသင့် မိသားစုတစ်စုကို ထောက်ပံ့ကြေး ဘတ် ၉,၀၀၀ ပေးအပ်မယ့် အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တောင်ပိုင်းပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။
Nov 24 • 2:08 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


