အမေရိကန် Women's Open Tourna ment ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး မေထက်လူ Most Valuable Player (တန်ဖိုးအရှိဆုံး ကစားသမား)အဖြစ် သတ်မှတ်ခံရကြောင်း မေထက်လူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မျှဝေထားသည်။ထို့ပြင် Women's Open Tourna ment ပြိုင်ပွဲမှာ မေထက်လူ ဝင်ရောက်ကစားနေသည့် UCLA အသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်းလည်း သိရသည်။မြန်မာအမျိုးသမီး လက်ရွေးစင်တိုက်စစ်မှူး မေထက်လူသည် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် ဒီဇင်ဘာ (၂) ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်ကာ အသင်းနှင့်ပူးပေါင်းမည်ဖြစ်ကြောင်း အသိပေးထားသည်။



