နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီခွဲ အချိန် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲတွင် ကားမောင်းနေသော သရုပ်ဆောင်နှင့် Food ဘလော်ဂါ ကျော် ၀ဏ္ဏ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ သရုပ်ဆောင် နှင့် Food ဘလော်ဂါ ကျော်၀ဏ္ဏ၏ လည်မျိုသို့ သေနတ်ကျည်ဆန် ဖောက်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ လတ်တလော သရုပ်ဆောင်နှင့် Food ဘလော်ဂါ ကျော်၀ဏ္ဏ ပစ်သတ်ခံရမှုအတွက် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း လက်ရှိအချိန်အထိ အမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။



