နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်မှာ ငွေရေး ကြေးရေးအဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်မယ့် ပုဂ္ဂလိကဘဏ် ၁၄ ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။အရင်ကဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို မြန်မာ့စီးပွားရေးဘဏ် နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့နဲ့ပဲ ဆောင်ရွက်နေရာကနေ အခုအခါ ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ပါ ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကြောင့် ဆီစက်လုပ်ငန်းတွေဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ပုဂ္ဂလိကဘဏ်တွေနဲ့ နိုင်ငံတစ်ဝန်းရှိ ဆီစက်လုပ်ငန်းရှင်များအနေနဲ့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို စနစ်တကျရယူထုတ်ချေး တဲ့အတွက် ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးမှုနဲ့ အရည်အသွေးမြင့် စားသုံးဆီတွေ ဖြန့်ဖြူးရောင်းချပေးနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံခြားကနေ စားအုံးဆီတင်သွင်းမှုကို လျော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းသက်သာမှာဖြစ်ပါတယ်။နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲရောင်းချတဲ့ဆီစက်အသစ်တွေတည်ဆောက်ဖို့ ၊ အဆင့်မြှင့်တင်ဖို့နဲ့ ကုန်ကြမ်းဝယ်ယူတာတွေမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေက ကျပ်ဘီလီယံ ၅၀ မတည် ထူထောင်ပေးခဲ့တာဖြစ်ပါတယ်။တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ဆီစက်လုပ်ငန်းတွေကို ချေးငွေတွေထုတ်ချေးနေတယ်လို့ သိရပါတယ်။
ပြည်တွင်းဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ပူးပေါင်းရန် ပုဂ္ဂလိကဘဏ် ၁၄ ခု နှင့် စာချုပ်ချုပ်
Nov 23 • 7:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


