back

ထိုင်ဝမ်အရေး ဂျပန်နှင့် အငြင်းပွားမှုကို တရုတ်က ကုလသို့ တင်ပြ

Nov 23 • 7:10 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ်အရေး ဂျပန်နှင့် အငြင်းပွားမှုကို တရုတ်က ကုလသို့ တင်ပြ

ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကုလသမဂ္ဂသို့ တင်ပြခဲ့ပြီး၊ ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ ထိုင်ဝမ်အပေါ် တရုတ်၏ တိ...

ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကုလသမဂ္ဂသို့ တင်ပြခဲ့ပြီး၊ ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ ထိုင်ဝမ်အပေါ် တရုတ်၏ တိုက်ခိုက်နိုင်ခြေနှင့်ပတ်သက်သည့် မှတ်ချက်များသည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဖူကောင်သည် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ စာတစ်စောင်ပေးပို့ရာတွင် "ဂျပန်သည် ရေလက်ကြားဖြတ်ကျော် ပြဿနာကို လက်နက်ကိုင်၍ ဝင်ရောက်ဖျန်ဖြေရန် ကြိုးပမ်းရဲပါက ရန်လိုသောလုပ်ရပ်ဖြစ်လိမ့်မည်" ဟု ရေးသားခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေအရ မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ကျင့်သုံးသွားမည်ဟုလည်း ကတိပြုခဲ့ကြောင်း သိရသည်။

news-view-count-icon

28