လာမယ့် ရက်တွေ အတွင်း ဗင်နီဇွဲလားနဲ့ ဆက်စပ်နေတဲ့ စစ်ဆင်ရေး အဆင့်သစ်တစ်ခုကို စတင်ဖို့ အသင့်ဖြစ်နေပြီဖြစ်တယ်လို့ အမေရိကန်အရာရှိလေးဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ထရမ့်အစိုးရက သမ္မတ နီကိုလပ်စ် မာဒူရိုရဲ့ အစိုးရအပေါ် ဖိအားတွေ တိုးမြှင့်လာချိန်မှာ အမေရိကန်ပြည်ထောင်စုက စစ်ဆင်ရေးစတင်တော့မှာဖြစ်တဲ့ တရားဝင်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဗင်နီဇွဲလားနဲ့ ဆက်ဆံရေး ဆိုးရွားလာချိန်မှာ အမေရိကန်စစ်တပ်က ကာရစ်ဘီယံအနီး တပ်ဖွဲ့တွေ ချထားခဲ့ပြီး မကြာသေးမီက စစ်ဆင်ရေး လုပ်ဆောင်ချက်တွေ ပေါ်ပေါက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်အရာရှိနှစ်ဦးပြောကြားချက်အရ လျှို့ဝှက်စစ်ဆင်ရေးတွေဟာ မာဒူရိုအပေါ် လုပ်ဆောင်ချက်အသစ်လည်းဖြစ်တယ်လို့သိရပါတယ်။



