နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှု မြှင့်တင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ မတည်ထားသည့် ငွေကျပ် ဘီလီယံ ၅၀ ချေးငွေကို ဆီစက်အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းများအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်း ဖြင့် ထုတ်ချေးလျက်ရှိသည်။ ယခင်က ဆီစက်လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ်သိန်း ၃,၀၀၀ ထိသာ ထုတ်ချေးခဲ့ရာမှ ယခုအခါ ငွေကျပ်သိန်း ၅,၀၀၀ အထိ တိုးမြှင့်ခွင့်ပြုခဲ့ပြီး၊ ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက်မူ ငွေကျပ်သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားခဲ့သည်။ ယခုချေးငွေအစီအစဉ်တွင် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာစီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ် ကိုပါ ငွေရေးကြေးရေးအဖွဲ့အစည်း (PFI) အဖြစ် ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်တွင် ပူးပေါင်းလက်မှတ်ရေးထိုးခဲ့သည်။
စားသုံးဆီလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ချေးငွေပမာဏ တိုးမြှင့်၊ ဆီစက်အကြီးများ တည်ဆောက်ရန် ငွေကျပ်သိန်း ၁၀,၀၀၀ အထိ ထုတ်ချေးမည်
Nov 23 • 4:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


