back

ကိုယ်ဝန်ဆောင်များ ပါရာစီတမော သောက်သုံးမှုနှင့် မွေးလာသည့် ကလေးများ၌ အော်တစ်ဇင် ဖြစ်နိုင်ခြေတို့အကြား ဆက်စပ်မှုမရှိ ဟုဆို

Nov 23 • 3:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကိုယ်ဝန်ဆောင်များ ပါရာစီတမော သောက်သုံးမှုနှင့် မွေးလာသည့် ကလေးများ၌ အော်တစ်ဇင် ဖြစ်နိုင်ခြေတို့အကြား ဆက်စပ်မှုမရှိ ဟုဆို

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ပါရာစီတမောသောက်သုံးမှုနှင့် မွေးဖွားလာသည့် ကလေးများ ၌ အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်ခြေတို့အကြား သိသာထင်ရှားသည့် ဆက်စပ်မှုမရှိကြောင်...

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ပါရာစီတမောသောက်သုံးမှုနှင့် မွေးဖွားလာသည့် ကလေးများ ၌ အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်ခြေတို့အကြား သိသာထင်ရှားသည့် ဆက်စပ်မှုမရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားထားပါတယ်။ဗြိတိန်နိုင်ငံမှ သုတေသန ပညာရှင်များသည် ပါရာစီတမောဆေးနှင့် မိခင်လောင်းများအပေါ် အကျိုးသက်ရောက်မှုတို့ကို လေ့လာထားသည့် လေ့လာချက်ပေါင်း ၉ ခု တို့မှရရှိသည့် သတင်းအချက်အလက်များကို ပြန်လည်စိစစ်လေ့လာခဲ့ကြတာဖြစ်ပြီး လေ့လာခဲ့သည့် ရလဒ်များအရ မိခင်လောင်းများ ပါရာစီတမောသောက်သုံးမှုနှင့် မွေးဖွားလာသည့် ကလေးများ အော်တစ်ဇင် ဖြစ်ပွားမှုတို့ကြား ဆက်စပ်မှုမရှိသည်ကို တွေ့ရကြောင်းလည်း ပြောကြားထားပါတယ်။မိခင်လောင်းများပါရာစီတမော သောက်သုံးမှုနှင့်ကလေးများကြား အော်တစ်ဇင်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်မှုတို့ကြား ဆက်စပ်မှုရှိနိုင်ကြောင်း ထင်ကြေးများပေါ်ထွက်နေချိန်တွင် ပညာရှင်များ၏ အထက်ပါ လေ့လာတွေ့ရှိချက် ပေါ်ထွက်လာခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ပါရာစီတမောဟာ မိခင်လောင်းများ ဦးစားပေးသုံးစွဲရမည့် အကိုက်အခဲပျောက်ဆေးအဖြစ် ဆေးပညာရှင်များက သတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင်မိခင်လောင်း သန်းပေါင်းများစွာတို့ သုံးစွဲနေသောဆေးဖြစ်တယ်လို့လည်း ဆေးပညာဆိုင်ရာ အချက်အလက်များအရ သိရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (𝐖𝐇𝐎) ကလည်း ပါရာစီတမောနဲ့ အော်တစ်ဇင်အကြား တိုက်ရိုက်ဆက်စပ်မှု သက်သေအတိအကျ မရှိသေးဘဲ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောကို ဆရာဝန်ညွှန်ကြားတဲ့ ပမာဏနဲ့ သောက်သုံးရင် စိတ်ချရကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အတည်ပြုပြောကြားထားပါတယ်။


news-view-count-icon

42