ပရီးမီးယားလိဂ်ရဲ့ စနေညပွဲစဉ်တွေအပြီးမှာ ချဲလ်ဆီးနိုင်ပွဲရခဲ့ပေမယ့် မန်စီးတီး၊လီပါပူးလ်တို့က ကိုယ်စီရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ချဲလ်ဆီးက အဝေးကွင်းမှာ ဘန်လေကို နှစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး မန်စီးတီးကအဝေးကွင်းမှာ နယူးကာဆယ်ကို နှစ်ဂိုး-တစ်ဂိုး၊လီပါပူးလ်က အိမ်ကွင်းမှာ နောတင်ဟမ်ဖောရက်စ်ကို သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးပွဲတွေတွေ့ခဲ့ကြတာပါ။ယနေ့တနင်္ဂနွေညမှာတော့ အာဆင်နယ်နဲ့စပါးတို့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲရှိနေပြီး တနင်္လာညမှာမန်ယူနိုက်တက်က အဲဗာတန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။



