back

AI အဆိုတော် Xania Monet က ဒေါ်လာ ၃ သန်းတန် ဓာတ်ပြားစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး Billboard ဇယားဝင်သည့် ပထမဆုံး AI အနုပညာရှင်ဖြစ်လာ

Nov 23 • 1:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

AI အဆိုတော် Xania Monet က ဒေါ်လာ ၃ သန်းတန် ဓာတ်ပြားစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး Billboard ဇယားဝင်သည့် ပထမဆုံး AI အနုပညာရှင်ဖြစ်လာ

Hallwood Media ဓာတ်ပြားကုမ္ပဏီသည် AI အဆိုတော် Xania Monet နှင့် ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိသော စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။ Xania Monet သည် Billboard...

Hallwood Media ဓာတ်ပြားကုမ္ပဏီသည် AI အဆိုတော် Xania Monet နှင့် ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိသော စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။ Xania Monet သည် Billboard Adult R&B Airplay ဇယားတွင် အဆင့် ၃၀ အထိ ရောက်ရှိခဲ့ရာ၊ AI အဆိုတော်တစ်ဦးအနေဖြင့် ယင်းဇယားအတွင်း ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ Xania Monet ၏ အသံကို တေးရေးဆရာ Telisha Nikki Jones က Suno AI platform ကို အသုံးပြု၍ ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ "How Was I Supposed to Know" သီချင်းဖြင့် TikTok မှတစ်ဆင့် စတင်နာမည်ကြီးလာခဲ့သည်။ လက်ရှိတွင် ၎င်း၌ streaming platform များတွင် follower ၁.၂ သန်းနှင့် ဆိုရှယ်မီဒီယာတွင် ၈ သိန်းနီးပါး ပိုင်ဆိုင်ထားပြီး၊ AI ကို အနုပညာဖန်တီးမှုအတွက် ခေတ်မီကိရိယာတစ်ခုအဖြစ် ရှုမြင်နေသော်လည်း လူသားအနုပညာရှင်များကမူ AI ၏ ဝင်ရောက်နေရာယူမှုကို စိုးရိမ်နေကြကြောင်း သိရသည်။

news-view-count-icon

30