ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ယဉ်ကျေးမှုဝန်ကြီးများ၏ သုံးပွင့်ဆိုင်အစည်းအဝေးကို လာမည့် နိုဝင်ဘာ ၂၃ ရက် တွင် မကာအို ၌ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း တရုတ်နိုင်ငံက အကြောင်းပြချက်မပေးဘဲ ရွှေ့ဆိုင်းလိုက်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုရွှေ့ဆိုင်းမှုသည် တရုတ်နှင့် ဂျပန်တို့အကြား သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်နေချိန် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရုတ်(တိုင်ပေ) အရေးနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်နှင့် ဂျပန်ပင်လယ်စာများ တင်သွင်းမှု ရပ်ဆိုင်းထားခြင်းတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်သည်။ ထို့ပြင် ဂျပန် ပင်လယ်စာများတင်သွင်းမှုကိုလည်း ရပ်ဆိုင်းထားပြီးလွန်ခဲ့သည့် သီတင်းပတ်အတွင်းက ဂျပန်သံတမန်တစ်ဦး ပေကျင်းသို့သွားရောက်၍ သံတမန်ရေးပြေလည်ရန်ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရရှိခဲ့ပေ။ 
ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးများဆွေးနွေးပွဲကို တရုတ်က ရုတ်တရက် ရွှေ့ဆိုင်း
Nov 23 • 1:36 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


