မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း က ကြီးမှူး၍ သဘာဝ ဩဂဲနစ်၊ GAP နှင့် သဘာဝနည်းစနစ် ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် MSME ထုတ်ကုန်များကို ရောင်းချပေးနေသော Safe Food From Safe Farm Market ကို စက်တင်ဘာလ မှစတင်ကာ ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်း တွင် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်း (မနက် ၆:၃၀ မှ မွန်းလွဲ ၂:၀၀ ထိ) ပြန်လည်ဖွင့်လှစ် ရောင်းချပေးနေကြောင်း သိရသည်။ ကိုဗစ်-၁၉ ကာလနောက်ပိုင်း ပိတ်ထားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ယင်းဈေးကွက်သည် ဩဂဲနစ်စိုက်ပျိုးသည့် တောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးရန် ရည်ရွယ်ကြောင်း အသင်းအတွင်းရေးမှူး ဦးတင်အောင်က ပြောကြားခဲ့သည်။

ရန်ကုန် မြေပဒေသာကျွန်း၌ ဩဂဲနစ်နှင့် GAP ထုတ်ကုန်များအား Safe Food From Safe Farm Market တွင် စနေ၊ တနင်္ဂနွေတိုင်း ပြန်လည်ရောင်းချပေးနေ
Nov 23 • 1:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 47 | 0 | 0 | 0 |


