ဒီနေ့ နိုဝင်ဘာလ ၂၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုးကုတ်မြို့ အနောက်ပိုင်း အောင်သုခကျေးရွာအနီးမှာ ခဲယမ်းနဲ့ ဗုံးတွေကို တင်ထားတဲ့ ကားတစ်စီးကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါ ကား ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် မိုးကုတ်ဗျုဟာရဲ့ တပ်သားတစ်ဦးက ထိခိုက်ဒဏ်ရာရရှိပြီး ကားတစ်စီးနဲ့ ဆိုင်ကယ် ၂ စီးလည်း မီးလောင်ဆုံးရှုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။



