တာချီလိတ်မြို့ ဆန်ဆိုင်းခရပ်ကွက် အိမ်အမှတ် ၆/၉၆မှာ ဖွင့်လှစ်ထားတဲ့ ဘီယာဆိုင်အတွင်းမှာ ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင်အချိန်က သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်လာပစ်ခဲ့တဲ့ သူတွေကိုတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဘီယာလာသောက်နေတဲ့ မောင်ဆက်ဖြိုးအောင် ဆိုတဲ့လူငယ်ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာ၅ချက်နဲ့ ဘီယာဆိုင်အတွင်းမှာ သေဆုံးခဲ့တာဖြစ် ပါတယ်။ သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် မောင်ဆက်ဖြိုးအောင်မှာ ဦးခေါင်း ရင်ဘက် နဲ့ လက်မောင်း ဗိုက်သားတို့တွင် သေနတ်ဒဏ်ရာ ၅ချက်ထိမှန်ခဲ့ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။



