ဘန်ကောက်မြို့ခံတွေအနေနဲ့ ဒီည (နိုဝင်ဘာ ၂၂) ည ၁၀ နာရီကနေ မနက်ဖြန် (နိုဝင်ဘာ ၂၃) မနက် ၅ နာရီအထိ မြို့တော်တစ်ဝှမ်းက နေရာ ၂၇ ခုမှာ ရေပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ Bang Khen ရေစက်ရုံမှာ အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်မှာဖြစ်လို့ ရေကြိုလှောင်ထားကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ဘန်ကောက် အာဏာပိုင်တွေက ရေပြတ်တောက်တဲ့အတွက် ပြည်သူတွေကို တောင်းပန်တယ်လို့ ပြောကြားထားပါသည်။



