ထားဝယ်လေယာဉ်ကွင်း စချဲ့ခြင်းကိုစတင်အကောင်အထည်ဖော်

Nov 22 • 1:49 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်လေယာဉ်ကွင်း စချဲ့ခြင်းကိုစတင်အကောင်အထည်ဖော်

ထားဝယ်လေယာဉ်ကွင်း အဆင်မြှင့်‌တင်ရေးလုပ်ငန်းများ ယခုနိုဝင်ဘာလထဲတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ဒေသတွင်းသုံး( Domestic Airport) အဆင့်မ...

ထားဝယ်လေယာဉ်ကွင်း အဆင်မြှင့်‌တင်ရေးလုပ်ငန်းများ ယခုနိုဝင်ဘာလထဲတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ဒေသတွင်းသုံး( Domestic Airport) အဆင့်မှ နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်း (Code 4D) အထိ အဆင့်မြှင့်ရန် စီမံကိန်း (Master Plan) ရေးဆွဲ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။လတ်တလောတွင် ကွင်းဘေးသို့ ၂၅ ပေအကျယ်သို့ချဲ့ထွင်ရန် ကနဦးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။ အဆင့်မြှင့်မည့် ထားဝယ်လေယာဉ်ကွင်းတွင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးရုံ၊ Air Cargo terminal ဟုခေါ်သည့် လေကြောင်းကုန်စည်ပို့ဆောင်ရေး အဆောက်အအုံကိုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။





news-view-count-icon

21