ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မူပိုင်ခွင့်ဥပဒေ ဒီပလိုမာသင်တန်းတို့ကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ဖွင့်လှစ်မည့်သင်တန်း (၂) ခုမှာ ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Law - PGDL) သင်တန်း၊ မူပိုင်ခွင့်ဥပဒေ ဒီပလိုမာ (Diploma in Intellectual Property Law - DIPL) သင်တန်းဖြစ်ပြီး PGDL သင်တန်းကို ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။DIPL နှင့် PGDLသင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။



