ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ် ပါမားဟာ ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း နေအိမ်မှာ မမျှော်လင့်ဘဲ ထပ်မံဒဏ်ရာရရှိခဲ့တာကြောင့် အနည်းဆုံး၃ပတ်ခန့် ထပ်အနားယူရမယ်လို့ သိရပါတယ်။ပါမားဟာ စက်တင်ဘာလ ၂၀ ရက်နေ့က မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအတွက် နောက်ဆုံး ပါဝင်ကစားပေးနိုင်ခဲ့ပြီး ယခုအခါ နေအိမ်မှာ တံခါးနှင့် မတော်တဆ ထိခိုက်မိရာမှ ဘယ်ဘက်ခြေထောက်ရှိ ခြေချောင်းလေး ရိုးကျိုးသွားခဲ့ခြင်း ဖြစ်ပါတယ်။ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာက ပါမားရဲ့ ဒဏ်ရာနှင့်ပတ်သက်ပြီး အတည်ပြုခဲ့သလို ပါမားအနေနဲ့ အရေးကြီးပွဲစဉ်တွေဖြစ်တဲ့ ဘန်လေ၊ ဘာစီလိုနာ၊အာဆင်နယ် တို့နဲ့ပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။



