ပြည်တွင်းရှိဆီစက်လုပ်ငန်းရှင် တွေအနေနဲ့ လျှပ်စစ်စွမ်းအင်အစားထိုး Solar Power Plant ဝယ်ယူဖို့ ချေးငွေ လျှောက်ထားသွားနိုင်တယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကနေ သိရပါတယ်။Solar Power Plant ဝယ်ယူတပ်ဆင် အသုံးပြုဖို့ ငွေကြေးအရင်းအနှီးလိုအပ်ချက် ရှိတယ်ဆို ချေးငွေလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ဆီစက်လုပ်ငန်း တွေ ဖွံ့ဖြိုးရေးချေးငွေ ရန်ပုံငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကနေ ကျပ် ၅၀ ဘီလီယံ ကနဦးမတည် ထည့်ဝင်ထားပြီး ထပ်မံလိုအပ်ပါက ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန က တစ်ဆင့် အစိုးရအဖွဲ့ဆီတင်ပြတောင်းခံခွင့်ရှိကြောင်း ချေးငွေရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်း တွေအရ သိရပါတယ်။ ဆီစက်လုပ်ငန်းရှင်တွေ အနေနဲ့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ မတည်ရင်းနှီးငွေ အတွက် ချေးငွေတင်ပြရင်း ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို ထည့်သွင်းဖော်ပြ လျှောက်ထားသွားနိုင်တယ်လို့ ဆိုပါတယ်။ရန်ပုံငွေကနေ ဆီစက်တွေကို လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် အနည်းဆုံး ကျပ် ၁၀ သန်း ၁၀ ကနေ အများဆုံး ကျပ်သန်း ၅,၀၀ အထိချေးငွေ သက်တမ်းတစ်နှစ် နဲ့ထုတ်ချေး ပေးသွားမယ်လို့သိရပါတယ်။ဆက်လက်ပြီး မတည်ရင်းနှီးငွေအတွက် အနည်းဆုံး ကျပ်သန်း ၂၀ ကနေ အများဆုံးကျပ်သန်း ၅၀၀ အထိ ချေးငွေအတွက် သက်တမ်း ၃ နှစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။
ဆီစက်အကြီးများ၊ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ စက်အသစ်တည်ဆောက်တာ၊ တိုးချဲ့တပ်ဆင်တာ တွေအတွက်ဆိုပါက ချေးငွေပမာဏ ကျပ်သန်း ၁,၀၀၀ နဲ့ ချေးငွေသက်တမ်း သုံးနှစ်အထိ ရယူသွားနိုင်တယ်လို့သိရှိရတယ်။



