back

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်နှင့် မိုင်းကိုင်မြို့တို့တွင် ယနေ့ နံနက်ပိုင်းက ငလျင်များလှုပ်ခတ်ခဲ့

Nov 22 • 6:29 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်နှင့် မိုင်းကိုင်မြို့တို့တွင် ယနေ့ နံနက်ပိုင်းက ငလျင်များလှုပ်ခတ်ခဲ့

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့တို့တွင် ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ...

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့တို့တွင် ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ဇမ္ဗူသီရီမြို့နယ်၏ အရှေ့မြောက်ဘက် (၄) မိုင်ခန့်အကွာ၊ အနက် (၁၂) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး (၃ ဒသမ ၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၁ နာရီ ၂၉ မိနစ် ၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ထို့ပြင် နံနက် ၇ နာရီ ၄၉ မိနစ် ၄၅ စက္ကန့်ကလည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့၏ တောင်-အရှေ့ တောင်ဘက် (၁၅) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

28