back

အမေရိကန်သမ္မတထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူတင် ထောက်ခံကာ ယူကရိန်းသမ္မတအား စဉ်းစားချိန် နောက်ဆုံးရက် သတ်မှတ်နေ

Nov 22 • 4:25 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

အမေရိကန်သမ္မတထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူတင် ထောက်ခံကာ ယူကရိန်းသမ္မတအား စဉ်းစားချိန် နောက်ဆုံးရက် သတ်မှတ်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းစစ်ပွဲရပ်စဲရေး အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထောက်ခံကြောင်း ပြောကြားလိုက်ပြီး၊ အဆိုပ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းစစ်ပွဲရပ်စဲရေး အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထောက်ခံကြောင်း ပြောကြားလိုက်ပြီး၊ အဆိုပါအစီအစဉ် က "အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အခြေခံအုတ်မြစ်" ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ အဓိက အချက်များ ပါဝင်ပြီး ယူကရိန်းတပ်မတော်ရဲ့ အင်အားကို စစ်သည် ခြောက်သိန်း (၆၀၀,၀၀၀) အထိ ကန့်သတ်ဖို့၊ ယူကရိန်းပိုင်နက်ဖြစ်တဲ့ Crimea၊ Luhansk နှင့် Donetsk ဒေသများကို အမေရိကန်အပါအဝင် နိုင်ငံတကာက ရုရှားပိုင်နက်အဖြစ် လက်တွေ့ (de facto) အသိအမှတ်ပြုဖို့၊ ယူကရိန်းကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ခွင့်ရှိဖို့၊ ယူကရိန်းက နေတိုးအဖွဲ့ဝင်မှာမဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းရန် သဘောတူဖို့ စတာတွေ ပါဝင်ပါတယ်။ထရမ့်ရဲ့ ဖိအားပေးမှုများနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ယူကရိန်းဟာ သမိုင်းမှာ အခက်ခဲဆုံးအချိန်တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး ဝါရှင်တန်က အဆိုပြုချက်များကို အကောင်အထည်ဖော်ရန် တွန်းအားပေးမှုကြောင့် ယူကရိန်းအနေနဲ့ အမေရိကန်ကို အဓိကမိတ်ဖက်အဖြစ်ကနေ ဆုံးရှုံးနိုင်တဲ့ အန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်း အသိပေးပြောထားပါတယ်။ဇလန်စကီးက ယူကရိန်းအနေနဲ့ "ဂုဏ်သိက္ခာကို ဆုံးရှုံးရမလား သို့မဟုတ် အဓိကမိတ်ဖက် (အမေရိကန်) ကို ဆုံးရှုံးရမလား" ဟူသော ရွေးချယ်စရာအခြေအနေနှင့် ရင်ဆိုင်နေရပြီလို့လည်း နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့သလို အဆိုပါအဆိုပြုချက်များနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ယူကရိန်းဘက်ကလည်း သူတို့ရဲ့ ကိုယ်ပိုင်ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြရန် ပြင်ဆင်နေသော်လည်း ထရမ့်က နောက်ဆုံးရက်ကို ကြာသပတေးနေ့အဖြစ် သတ်မှတ်ထားတာကြောင့် အချိန်သိပ်မရှိတော့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြနေကြပါတယ်။

news-view-count-icon

28